ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကျင်းပ

၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်များကို ပဲခူးတိုင်း​ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အသီးသီးကျင်းပကြသည်။

ပဲခူးတိုင်း​ဒေသကြီး ပဲခူးခရိုင်၊ ပဲခူးမြို့နယ်ဒုတိယအကြိမ်​မြောက်၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်အား ကျိုက်ပွန်​လေးမျက်နှာဘုရားကြီး၏ အ​နောက်ဘက်မုဒ်​မြေကွက်လပ်၌ ၄-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချူပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဆရာမများနှင့်​ ကျောင်းသား​ကျောင်းသူများ၊ အမျိုးသမီး​ရေးရာနှင့် မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်းအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး သစ်မျိုး(၁၆) မျိုးနှင့် ပျိုးပင်​ပေါင်း(၅၀၉)ပင်အား စု​ပေါင်းစိုက်ပျိုးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ၂၀၂၄ ခုနှစ်၊ စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်ဝင်းအတွင်း၌ ၄-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း/ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် ကျောင်းသား/သူများ၊ အသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ခရေ၊ မအူ၊ ပျဉ်းမ၊ မာလာလူးကား၊ ကံ့ကော်၊ စိန်ပန်း၊ မန်ဂျန်ရှား၊ မယ်ဇယ်၊ တရုတ်တည်၊ ပင်လယ်ကဗွီး စသည့်သစ်မျိုး(၁၃)မျိုး၊ အပင်ပေါင်း (၅၂၀၂)ပင် ကို စိုက်ပျိုးခဲ့ကြသည်။

မွန်ပြည်နယ်တွင် အမျိုးသမီးရေးရာကော်မတီနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းကျင်းပ သည့် ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မော်လမြိုင်မြို့ ကြာအင်းရပ်ကွက် အမက(မူလွန်)ကျောင်း၌ ၃-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီးရေးရာ ကော်မတီဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/သူများတက်ရောက်ကြပြီး သစ်မျိုး(၅)မျိုးနှင့် စုစုပေါင်း ပျိုးပင်(၇၀၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။