မကွေးတိုင်းဒေသကြီးအတွင်း သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတေ်အခမ်းအနားများ အသီးသီးကျင်းပ

          မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ သရက်မြို့နယ်၊ ကံမမြို့နယ်နှင့် မင်းတုန်းမြို့နယ်များအတွင်း သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားများကို အသီးသီးကျင်းပကြသည်။

        မကွေးတိုင်း​ဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်သစ်​တောဦးစီးဌာနမှ ရိုးကြီးကျေးရွာ၊ အခြေခံမူလတန်းကျောင်းဝင်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတေ်ကို ၃.၇.၂၀၂၄ ရက်နေ့၊ နံနက် ၈း၀၀ နာရီအချိန်တွင်ကျင်းပရာ၊ မင်းဘူးမြို့နယ်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်‌ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ စိုက်ပျိုး‌ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဆရာ/ဆရာမနှင့်​ ကျောင်းသားကျောင်းသူများ စုစု‌​​ပေါင်းအင်အား(၃၀၅)ဦးခန့် တက်ရောက်ခဲ့ကြပြီး ယင်းမာ၊ တမာ၊ ပိတောက်၊ ဆီသပြေ၊ မယ်ဇယ်၊ ကျွန်း၊ စိန်ပန်း၊ မာတာကွတ်၊ ကုက္ကို၊ ထိုင်ဝမ်ဗန်ဒါ စုစုပေါင်း(၃၀၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။

        မကွေးတိုင်း​ဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် သစ်​တောဦးစီးဌာနမှ ဝက်သည်းကန် သဘာဝထိန်းသိမ်း​ရေးနယ်​မြေ တမာ​ချောင်​ကျေးရွာအနီးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတေ်ကို ၃.၇.၂၀၂၄ ရက်နေ့၊ နံနက် ၈:၀၀ နာရီအချိန် ကျင်းပခဲ့ရာ၊ စလင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ NGOအဖွဲ့များ၊ ဆရာ/ဆရာမနှင့် ​ကျောင်းသားကျောင်းသူများ စုစု‌​​ပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ယင်းမာ၊ တမာ၊ ယူကလစ် စုစုပေါင်း(၆၀၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။

          သရက်ခရိုင်၊ သရက်မြို့နယ်၊ သရက်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းဝင်းအတွင်း မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတေ်ကို ၃.၇.၂၀၂၄ ရက်နေ့တွင် ကျင်းပရာ သရက်တပ်နယ်မှူး ဦးဆောင်၍ သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၃၂၅)ဦးတက်ရောက်ခဲ့ကြပြီး တမာ၊ ရေတမာ၊ ပိတောက်၊ မဲဇလီ၊ မြန်မာကုက္ကို၊ ယင်းမာ၊ ဖျောက်ဆိပ် စုစုပေါင်း(၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ သစ်တောဦးစီးဌာနမှ ခြောက်ပင် အထက်တန်းကျောင်းဝင်းအတွင်း မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို  ၃-၇-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ ကံမမြို့နယ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား (၂၅၇)ဦး တက်ရောက်ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိ‌တောက်၊ ခရေ၊ တမာ စုစုပေါင်း(၄၀၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်လျှပ်စစ်ဓါတ်အားခွဲရုံရှေ့ မြေကွက်လပ်နှင့် အမှတ်(၄)ရပ်ကွက်၊ ရွှေဂူလမ်းတစ်လျောက် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ၃-၇-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၁၂၅)ဦး တက်ရောက်ကြပြီး မဟာလှေကား၊ စိန်ပန်းပြာ၊ စုစုပေါင်းအရိပ်ရ ပန်းလှသစ်ပင်(၅၀၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။