မြေတိုင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ကွင်းဆင်းအချက်အလက်ကောက်ယူနေမှုလုပ်ငန်းများကို သွားရောက်စစ်ဆေးခြင်း

          မြေတိုင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်းသည် ဘူမိပမာဏနှင့် အမှတ်(၂)မြေတိုင်းဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့်အတူ UTM မြေပုံများ မြေပုံ-မြေပြင် ကွဲလွဲမှုမရှိစေရေး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်နှင့် မအူပင်ခရိုင်၊ အိမ်မဲမြို့နယ်များအတွင်း ကွင်းဆင်းအချက်အလက်ကောက်ယူနေမှုလုပ်ငန်းများကို ၅-၇-၂၀၂၄ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့သည်။