ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲများကျင်းပ

၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲများကို ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အသီးသီးကျင်းပကြသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အဝေရာရေလွှဲဆည်အနီး၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကို ၇-၇-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများတက်ရောက်ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မန်ဂျန်ရှား၊ ယမနေပင် စုစုပေါင်း ပျိုးပင်(၄၀၀)ပင်ကို စိုက်ပျိုးခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အောင်သီရိဘုရားဝင်း၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကို ၈-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပရာ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ဥယျာဉ်အုပ်ချုပ်ရေးမှူး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ကိုယ်စားလှယ်အရာရှိများ၊ PTTEP International Limited မှ Site Manager Mr.Pricha Chitta၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများတက်ရောက်ကြပြီး ပျဉ်းကတိုး၊ သင်္ကန်း၊ ကံ့ကော်၊ ခရေ၊ သပြေနှင့်သင်းဝင်ပင်  စုစုပေါင်း (၅၄၀)ပင်ကို စိုက်ပျိုးခဲ့ ကြသည်။