ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှဦးဆောင်၍ “မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှဦးဆောင်၍   “မိုးရာသီသစ်ပင်စိုက်ပျိုး ပြုစုထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကို  တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့အခြေခံပညာအထက်တန်းကျောင်း၌ ၈-၇-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၃၂၅) ဦးတက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် မိုးရာသီကာလသစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းဆိုင်ရာနည်းစနစ်များနှင့် အကျိုးကျေးဇူးများကိုဟောပြောခဲ့ပြီးနောက် တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကျောင်းဝင်းအတွင်း ခရေ၊ ကံ့ကော်၊ ကျွန်း၊ ပျဥ်းကတိုးနှင့် မဟော်ဂနီ စုစုပေါင်းပျိုးပင်(၂၅၀)ပင် ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။