ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီး ဌာနတို့ပူးပေါင်းဆောင်ရွက်သည့် FD- KFS REDD+စီမံကိန်းမှ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောများ၏အရေးပါမှုဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးတွင် FD- KFS  REDD+ စီမံကိန်းနှင့် လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ "ရာသီဉတုပြောင်းလဲမှုနှင့် သစ်တောများ၏ အရေးပါမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ" ကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ၅.၇.၂၀၂၄ ရက်‌နေ့တွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းသားကျောင်းသူ(၁၂၀)ဦးအား  ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောများ၏ အရေးပါမှုဆိုင်ရာခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီးနောက် FD-KFS  REDD+ စီမံကိန်းမှ ထုတ်ဝေသည့် သစ်တောထိန်းသိမ်းရေးဆိုင်ရာ စာစောင်များဖြန့်ဝေခြင်း၊ ကျောင်းစာကြည့်တိုက်သို့ "သစ်တောထိန်းသိမ်းရေးနှင့် ဂေဟစနစ်ဝန်ဆောင်မှု ဆောင်းပါးများပေါင်းချုပ်စာအုပ်" နှင့် "သစ်တောများမှ ပေးစွမ်းသော ဘက်စုံအကျိုးကျေးဇူးများ" စာအုပ်လှူဒါန်းခြင်း၊ သစ်တောပျိုးဥယျာဉ်တွင် သစ်ပင်ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများအား လက်တွေ့ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။