ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ

 ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ ဗန်းမော်မြို့နယ်အတွင်းရှိ အ.ထ.က(၂)ကျောင်း မြညီလာခန်းမ၌ “ မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ“ကို ၅–၇-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ သစ်တောဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။

 ဟောပြောပွဲတွင် ဗန်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောများနှင့်ရာသီဥတု ပြောင်းလဲမှုလျော့ချရေး၊ သစ်တောလုပ်ငန်းသစ်တောသစ်ပင်များစိုက်ပျိုးပြုစုထိန်းသိမ်းခြင်း၊ သစ်တောများမှပေးစွမ်းနိုင်သောအကျိုးကျေးဇူးများ စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့သည်။