(၁၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းအဖွဲ့ (16th AWGEE) အစည်းအဝေးကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဦးဆောင်၍(၁၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းအဖွဲ့  16th ASEAN Working Group on Environmental Education (16th AWGEE) အစည်းအဝေးကို မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ၁၀-၇-၂၀၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၈:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ Grand Amara Hotel ၌ အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံနှင့် Online အစည်းအဝေး ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး (National Focal Point)၊ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်တက္ကသိုလ်) Alternate National Focal Point၊ အခြေခံပညာဦးစီးဌာန Alternate Contact Person နှင့် အရာထမ်း၊အမှုထမ်းများ တက်ရောက်ကြပြီး အာဆီယံအတွင်းရေးမှူးရုံး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် Online ဖြင့် တက်ရောက်ခဲ့ကြသည်။