“နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့်လုပ်ငန်းစီမံချက်အား ကူမင်း- မွန်ထရီရယ် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာမူဘောင်နှင့်အညီပြင်ဆင်နိုင်ရေးနှင့် စံညွှန်းကိန်းချမှတ်ခြင်းဆိုင်ရာ ကနဦးအကြံပြုအလုပ်ရုံဆွေးနွေးပွဲ” ကျင်းပ

“ နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်အား ကူမင်း-မွန်ထရီရယ် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာမူဘောင်နှင့်အညီ ပြင်ဆင်နိုင်ရေးနှင့် စံညွှန်းကိန်းချမှတ်ခြင်းဆိုင်ရာ ကနဦးအကြံပြုအလုပ်ရုံဆွေးနွေးပွဲ” ကို ၁၁-၇-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရွှေနန်းတော်ဟိုတယ်၊ နေပြည်တော်၌ ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကား ပြောကြား သည်။

အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)နှင့် ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများမှ အရာထမ်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ သစ်တောဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။