သစ်တောမှုများ တရားစွဲဆိုရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (SOP For Prosecution of Forest Crimes)အတည်ပြုပြဌာန်းနိုင်ရေးအတွက် Brainstorming ဆွေးနွေးပွဲကျင်းပ

သစ်တောမှုများ တရားစွဲဆိုရာတွင် လိုက်နာရမည့်လုပ်ထုံးလုပ်နည်းများ (SOP For Prosecution of Forest Crimes)အတည်ပြုပြဌာန်းနိုင်ရေးအတွက် Brainstorming ဆွေးနွေးပွဲကို ၁၀-၇-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်( စီမံခန့်ခွဲရေး) နှင့် ညွှန်ကြားရေးမှူးများ၊ ဦးစီးရုံးချုပ်မှ အရာထမ်းများနှင့် ဖိတ်ကြားထားသည့် တိုင်းဒေသကြီးများမှ ခရိုင်၊ မြို့နယ်တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။