ပညာရေးဝန်ကြီးဌာနနှင့်မိုးနဲမြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပညာရေးဝန်ကြီးဌာနနှင့် မိုးနဲမြို့နယ် သစ်တောဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးပွဲကို မိုးနဲမြို့နယ်၊ နားခံကျေးရွာ၊ နားခံအထက်တန်းကျောင်းခွဲ၌ ၁၀-၇-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများတက်ရောက်ကြပြီး စိန်ပန်းနီ၊ ချယ်ရီ၊ ခါတော်မီ၊ သင်းဘောတည်၊ မျောက်ငိုပင် စုစုပေါင်းပျိုးပင်(၁၀၀)ပင်ကို စိုက်ပျိုးခဲ့ကြသည်။