မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးနှင့် ကျောက်ပန်းတောင်း-ချောက်ကားလမ်းဘေး ဝဲ/ယာစိမ်းလန်းစိုပြည်ရေးစိုက်ပျိုးခြင်းလုပ်ငန်းများအား စစ်ဆေးဆောင်ရွက်ခြင်း

       မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့်အဖွဲ့တို့သည် ၁၃-၇-၂၀၂၄ ရက်နေ့တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးလမ်းနှင့် ကျောက်ပန်းတောင်း-ချောက် လမ်းဘေးဝဲယာတို့တွင် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတို့မှ တည်ထောင်စိုက်ပျိုးခဲ့သည့် စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မ စိုက်ခင်းများ၊ လမ်းနယ်အတွင်း စိုက်ပျိုးနိုင်သည့်နေရာများ၌ လမ်းဦးစီးဌာနနှင့် BOT ကုမ္ပဏီများမှ စိုက်ပျိုး ဆောင်ရွက်လျက်ရှိသည့် စိမ်းလန်းစိုပြည်ရေး စိုက်ခင်းများတည်ထောင်စိုက်ပျိုးထားရှိမှု အခြေအနေတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
       မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ - ကျောက်ပန်းတောင်း - ညောင်ဦးလမ်းနှင့် ကျောက်ပန်းတောင်း - ချောက် လမ်းဘေးဝဲယာတို့တွင် သစ်တောဦးစီးဌာနမှ လမ်းဘေးဝဲ တစ်အုပ်တစ်မစိုက်ခင်း (၈၄၁၅)ပင်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ (၇၈၀၀) ပင်နှင့် BOT စနစ်ဖြင့် (၁၄၅၁) ပင် စုစုပေါင်း(၁၇၆၆၆)ပင်တို့ စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက စိုက်ပျိုးဆောင်ရွက်ထားရှိခြင်း၊ ပြုစုထိန်းသိမ်းဆောင်ရွက်ခြင်းနှင့် ဆက်လက်ပြုစုထိန်းသိမ်းခြင်းဆောင်ရွက်မည့်အစီအစဉ်များအား  ရှင်းလင်းတင်ပြခဲ့ရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ရန်နှင့် လိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန်နှင့် စိုက်ပျိုးပင်များအား ရှင်သန်ဖြစ်ထွန်းအောင်မြင်စေရေး အလေးထားဆောင်ရွက်ရန် လမ်းညွန်မှာကြားခဲ့ပါသည်။