သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဘွဲ့ကြိုစတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများ သစ်ထုတ်ခြင်းဘာသာရပ်ဆိုင်ရာ ကွင်းဆင်းလေ့လာရေး သွားရောက်

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ စတုတ္ထနှစ်(ပထမပညာသင်နှစ်ဝက်)ဘွဲ့ကြိုသင်တန်း ကျောင်းသား၊ ကျောင်းသူများသည် ၁၄-၇-၂၀၂၄ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်သစ်ထုတ်ရေးဒေသ၊ ဘဲကုန်းသစ်ဆိပ်သို့ သွားရောက်၍ သစ်ထုတ်ခြင်းဘာသာရပ်ဆိုင်ရာကွင်းဆင်းလေ့လာရေး ပြုလုပ်ခဲ့ကြသည်။

အဆိုပါကွင်းဆင်းလေ့လာရေးခရီးစဉ်တွင် သစ်ထုတ်ခြင်းဘာသာရပ်သင် ဆရာ၏ ကြီးကြပ်မှုဖြင့် စတုတ္ထနှစ်(ပထမပညာသင်နှစ်ဝက်) ဘွဲ့ကြိုသင်တန်း ကျောင်းသား(၁၉)ဦး၊ ကျောင်းသူ(၄)ဦး၊ စုစုပေါင်း(၂၃)ဦး ပါဝင်ခဲ့ကြပြီး  သစ်ဆိပ်စီမံအုပ်ချုပ်ခြင်းလုပ်ငန်းများ၊ သစ်လုံးများပေါ်တွင် တံဆိပ်ရိုက်မှတ်ခြင်းလုပ်ငန်းများနှင့်  သစ်ပိုင်ဆိုင်မှုကွင်းဆက်နှင့် သစ်နောက်ကြောင်းပြန် ခြေရာခံခြင်းနည်းစနစ်များကို လက်တွေ့လေ့လာမှု ပြုလုပ်ခဲ့ကြသည်။