သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၏ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၏ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ရန်အောင်မြင်ကျောင်းသားအဆောင်ရှေ့၊ သစ်တောလမ်းဘေး၌ ၁၃-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပရာ ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ ဘွဲ့ကြိုသင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ကံ့​ကော်၊ ခ​ရေ၊ ငု​ရွှေဝါ၊ စိန်ပန်းကြီး၊ စိန်ပန်းပြာ၊ ဆီသ​ပြေ၊ ပုန်းညက်၊ ပျဉ်းမ၊ မ​ဟော်ဂနီနှင့် ယင်းမာ စုစုပေါင်း သစ်မျိုး (၁၀) မျိုး၊ စုစုပေါင်း အပင်အ​ရေအတွက် (၂၈၆) ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။