မြေတိုင်းဦးစီးဌာန၊ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

        မြေတိုင်းဦးစီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၁၈-၇-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် မြေတိုင်းဦးစီးဌာန၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများနှင့် One Map Myanmar စီမံကိန်းမှ အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၃၁ ဦး တက်ရောက်ခဲ့ကြပါသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က ခရေပင်အား စိုက်ပျိုးပေးပြီး တက်ရောက်လာသူများက ပန်းအလှပင်များဖြစ်သည့် ကံကော်ပင်၊ ခရေပင်နှင့် သီးပင်စားပင်များဖြစ်သည့် ပိန္နဲပင်နှင့် သရက်ပင် စုစုပေါင်း ပျိုးပင် ၁၂၀ အား စိုက်ပျိုးခဲ့ကြပါသည်။

       ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များသည် မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။