သစ်တောဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် (၂၀၂၄)ခုနှစ်၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့်အသိပညာပေးဟောပြောပွဲကျင်းပ

သစ်တောဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နောင်တောင်းဆရာတော်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ-ဥက္ကဌ၏ လမ်းညွှန်မှုအရ (၂၀၂၄)ခုနှစ်၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း နှင့် အသိပညာပေး ဟောပြောခြင်း အစီအစဉ်ကို နောင်အယ်ကျေးရွာ၊ လောကဟိတဘုန်းတော်ကြီးသင် ပရဟိတကျောင်းအတွင်း၌ (၁၇-၇-၂၀၂၄)ရက်နေ့တွင် ကျင်းပခဲ့သည်။

ဟောပြောပွဲသို့ ကိုရင်(၆၅)ပါး၊ ကျောင်းသူ (၉၂)ဦး၊ ဆရာ၊ဆရာမ(၂၃)ဦး၊ စုစုပေါင်း (၁၈၀)ဦး တက်ရောက်ခဲ့ကြပြီး လောကဟိတကျောင်းဝန်းအတွင်း၌ ကျွန်း၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ကျူးလစ်၊ ငုစပ်၊ ကုက္ကိုပင် စုစုပေါင်း သစ်မျိုး(၆)မျိုး၊ ပျိုးပင်ပေါင်း(၂၀၀၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။