ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်နှင့် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တို့တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲအခမ်းအနားများ အသီးသီး ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်နှင့် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တို့တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲအခမ်းအနားများကို ၁၈-၇-၂၀၂၄ ရက်နေ့တွင် အသီးသီး ကျင်းပခဲ့သည်။

     ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ သမဝါယမနှင့်ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာနမှ Smart Village (ခေတ်မီစံပြကျေးရွာ) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် မိုးညှင်းမြို့နယ်၊ သာယာကုန်းခေတ်မီစံပြကျေးရွာ၊ အာနန္ဒာဗောဓိဘုရားပရဝဏ်အတွင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲအခမ်းအနားကို ၁၈-၇-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၂၀ နာရီအချိန်တွင် ကျင်းပရာ မိုးညှင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှား၊ စွယ်တော် စုစုပေါင်း(၂၀၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။ သစ်တောဦးစီးဌာနမှ အဆိုပါ သာယာကုန်း ခေတ်မီစံပြကျေးရွာတွင် ၂၀၂၄ ခုနှစ် မိုးရာသီ၊ သစ်တောမြေပြင်ပ တစ်ရွာနှစ်ဧက ကျေးရွာထင်းစိုက်ခင်းကိုလည်း တည်ထောင်စိုက်ပျိုး ဆောင်ရွက်လျက်ရှိပါသည်။

       ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ ၁၈-၇-၂၀၂၄ ရက်နေ့၊ နံနက် ၈:၀၀ နာရီတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ဗန်းမော်)၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲအခမ်းအနားကို ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဗန်းမော်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ နည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း (၃၀၀)ဦး တက်ရောက်ခဲ့ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ တမလန်း၊ ကညင်၊ ခရေ စုစုပေါင်း (၁၅၀၀) ပင်အား စိုက်ပျိုးခဲ့ကြသည်။