ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏခရိုင်၊ ပျဥ်းမနားမြို့နယ် သစ်တောဦးစီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏခရိုင်၊ ပျဥ်းမနားမြို့နယ် သစ်တောဦးစီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် အသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ပျဉ်းမနား)၌ ၂၃-၇-၂၀၂၄ ရက်နေ့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား‌ကျောင်းသူပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ သစ်မျိုး(၄)မျိုး၊ ပျိုးပင်ပေါင်း(၁၂၀)အား မြို့နယ်ပညာရေးမှုး၊ ကျောင်းအုပ်ကြီး၊ ကျောင်းသားကျောင်းသူများနှင့် သစ်တောဝန်ထမ်းများမှ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။