သစ်တောဦးစီးဌာန၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

သစ်တောဦးစီးဌာန၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ လဲချားမြို့၊ ပေါရာဏစေတီတော်အနီး၌  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၂၃.၇.၂၀၂၄ ရက်နေ့တွင် ကျင်းပရာ လဲချားမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များ၊ ကျောင်းသားကျောင်သူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြပြီး ချယ်ရီ၊ စိန်ပန်းနီ၊ မဲဇလီ၊ မျောက်ငို စုစုပေါင်း(၁၀၀၀)ပင်အား  စိုက်ပျိုးခဲ့ကြသည်။