သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ တရုတ်သိပ္ပံအကယ်ဒမီ( CAS) ၊ကူမင်းရုံးခွဲမှ Director General ဖြစ်သူ Prof.Jie Zhou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးသည် သစ်တောဦးစီးဌာနနှင့် တရုတ်သိပ္ပံအကယ်ဒမီ ( CAS) ကူမင်းရုံးခွဲမှ Director General  ဖြစ်သူ Prof. Jie Zhou  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၅-၇-၂၀၂၄ ရက်နေ့နံနက်ပိုင်းတွင် သစ်တောဦးစီးရုံး ချုပ်၊ အင်ကြင်းခန်းမ၌ လက်ခံတွေ့ဆုံပြီး သစ်တောဦးစီးဌာနနှင့် တရုတ်သိပ္ပံအကယ်ဒမီ(CAS) စစ်ဆောင်ပါးနားအပူပိုင်းရုက္ခဗေဒဥယျာဉ် (XTBG)တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပူးပေါင်းဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

သစ်တောဦးစီးဌာနနှင့် တရုတ်သိပ္ပံအကယ်ဒမီ (CAS) စစ်ဆောင်ပါးနားအပူပိုင်း ရုက္ခဗေဒ ဥယျာဉ် ( XTBG) တို့သည် “မြန်မာနိုင်ငံတွင်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် သုတေသနလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း ”ကို ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၉ ခုနှစ် ဧပြီလအထိ(၅)နှစ် သက်တမ်းရှိသော စာချွန်လွှာလက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဆိုပါတွေ့ဆုံပွဲသို့  သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြသည်။