တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာအနီး၌ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ တော်ကို ၂၅-၇-၂၀၂၄ရက်နေ့တွင်ကျင်းပခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတော်သို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တနင်္သာရီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး၊ မြိတ်လေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့၊ ကုမ္ပဏီဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၃၂၀)ဦးတက်ရောက်ကြပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လမုပင်နှင့် အုန်းပင်ကို စိုက်ပျိုးပေးပြီး တက်ရောက်လာသူများမှ ဒီရေတောသစ်ပင် ဗြူးအုပ်ဆောင်း(၁၀၀၀)ပင်၊ ဗြူးခြေတောက် (၂၀၀)ပင် စုစုပေါင်း(၁၂၀၀)ပင်နှင့် အုန်းပင်(၅၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။