ရန်ကုန်တိုင်းဒေသကြီးသန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဘန်ဘွေးကုန်းရေလှောင်တမံ ကြိုးဝိုင်းအတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ (ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း)ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊​​ ကျောက်တန်းမြို့နယ်၊ ဘန်​ဘွေးကုန်း​ရေ​လှောင်တမံ ကြိုးဝိုင်းအတွင်း၌  သစ်တောဦးစီးဌာနနှင့် သီလဝါဆိပ်ကမ်းအပိုင်(MITT) တို့ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၂၅-၇-၂၀၂၄ ရက်​နေ့တွင် ကျင်းပရာ သစ်တောဝန်ထမ်းများနှင့် ကုမ္မဏီဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ပျဥ်းကတိုးပင်၊ မ​ဟော်ဂနီ၊ခ​ရေ၊ မန်ဂျန်ရှားပင် စုစုပေါင်း (၃၀၀)ပင်ကို  စိုက်ပျိုးခဲ့ကြသည်။