ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ သစ်တောဦးစီးဌာနမှ အပြည်ပြည် ဆိုင်ရာဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အကြို ဒီရေတောအပင်များ စုပေါင်းစိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၂၆.၇.၂၀၂၄) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အကြို ဒီရေတောအပင်များ စုပေါင်းစိုက်ပျိုးခြင်းအား ဟိုင်းကြီးကျွန်းမြို့၌ ၂၅.၇.၂၀၂၄​ ရက်နေ့တွင် ကျင်းပရာ ပမ္မဝတီရေတပ်ဌာနချုပ်မှ အရာရှိ၊ အရာခံ၊ စစ်သည်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်ကြပြီး ဗြူးအုပ်ဆောင်း(၂၀၀)ပင်၊ ဗြူးခြေထောက်ဖို(၂၀၀)ပင်၊ မဒမ(၂၀၀)ပင်နှင့် သမဲ့(၅၀၀)ပင် စုစုပေါင်း ဒီရေတောပင် (၁၁၀၀)ပင် အား စိုက်ပျိုးခဲ့ကြသည်။