သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းတိုး ဦးဆောင်သောအဖွဲ့သည် ၄-၈-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကမ်းလွန်ရေနံလုပ်ကွက်၊ Block M-5, M-6 တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရတနာကမ်းလွန်စီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုသက်သေခံလက်မှတ် (Environmental Compliance Certificate- ECC) ပါ ကတိကဝတ်များအပေါ် စီမံကိန်းမှ လိုက်နာဆောင်ရွက်ထားရှိမှု၊ စောင့်ကြပ်ကြည့်ရှုမှုအစီရင်ခံစာ (Monitoring Report) ပါ လိုက်နာဆောင်ရွက် ထားရှိမှုများအပေါ် ဆောင်ရွက်ထားရှိမှု၊ နိုင်ငံတကာဆောင်ရွက်သည့် အလေ့အကျင့်များနှင့်အညီ ဆောင်ရွက်ထားရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုသက်သေခံလက်မှတ် (ECC)ပါ ကတိကဝတ်များအပေါ် အထူးအလေးထားလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း နိုင်ငံတကာအလေ့အကျင့်ကောင်းများကို စံနမူနာထား ကျင့်သုံးဆောင်ရွက်သင့်ကြောင်း မှာကြားခဲ့သည်။