ဒေသခံပြည်သူများအသက်မွေးဝမ်းကျောင်းအထောက်အကူပြု မှိုစိုက်ပျိုးနည်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာန(KFS)တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် FD-KFS REDD+ စီမံကိန်းအထောက်အပံ့ဖြင့် ဒေသခံပြည်သူများအသက်မွေးဝမ်းကျောင်းအထောက်အကူပြု မှိုစိုက်ပျိုးနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ၅-၈-၂၀၂၄ ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်တွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ ရေဆင်း၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ FD-KFS REDD+ စီမံကိန်းမှ တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများအပါအဝင် စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြသည်။