သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိ လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အရာထမ်းများ ဌာနတွင်းလုပ်ငန်းခွင် မွမ်းမံသင်တန်းအမှတ်စဉ်(၁၈)သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၃-၈-၂၀၂၄ ရက်နေ့၊ နံနက် ၉:၀၀ နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အဂတိတရား ကင်းရှင်းသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ခရိုင်မှူး/လက်ထောက် ညွှန်ကြားရေးမှူးအဆင့် အရာထမ်းများ ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံ သင်တန်းအမှတ်စဉ်(၁၈)ကို ဦးစီးရုံးချုပ်မှ သင်တန်းသား၊ သင်တန်းသူ(၁၇)ဦးတို့အား (In person)ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ(၂၈)ဦး တို့အား Online ဖြင့်လည်းကောင်း၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၄၅)ဦး တို့အား ၁၂-၈-၂၀၂၄ ရက်နေ့မှ ၂၃-၈-၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ် (၂)ပတ်ကြာ Hybrid ပုံစံဖြင့် ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။