သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Settlement Unit အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) ကို ၃၀-၈-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ သစ်တော ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများနှင့် ဦးစီးရုံးချုပ် Settlement Unit အဖွဲ့ဝင်များ တက်ရောက်ကြပြီး နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် Settlement Unit ဥက္ကဋ္ဌများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ ကြသည်။
အစည်းအဝေးတွင် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများတိုးချဲ့ဖွဲ့စည်းခြင်းများအား ရည်မှန်းချက်ပြည့်မီရေးနှင့်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများအား တက်ရောက် လာသူများက ဝိုင်းဝန်းဆွေးနွေး ရှင်းလင်း တင်ပြခဲ့ကြသည်။