၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ဒုတိယ(၃)လပတ် ရငွေလျာထားချက် ပြည့်မီရေး လုပ်ငန်းအစည်းအဝေးကျင်းပ

သစ်တောဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ဒုတိယ(၃)လပတ် ရငွေလျာထားချက်ပြည့်မီရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များနှင့် ရငွေရရှိနိုင်မှုအခြေအနေများနှင့်ပတ်သက်၍ အစည်းအဝေးကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၁၂-၉-၂၀၂၄ ရက်၊ ကြာသပတေးနေ့ နံနက် ၉:၀၀ နာရီတွင် ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ပြီး တိုင်းဒေသကြီး/ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများက virtual စနစ်ဖြင့် တက်ရောက်ကြသည်။