"ရေဝေရေလဲထိန်းသိမ်းရေးဆိုင်ရာသင်တန်း" ဖွင့်ပွဲအခမ်းအနားကျင်းပ

သစ်တောဦးစီးဌာန၊ သစ်တောသုတေသန၊ ရေဆင်းရှိ စုဝေးခန်းမ၌ "ရေဝေရေလဲ ထိန်းသိမ်းရေးဆိုင်ရာသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၈:၀၀ နာရီတွင်ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သစ်တောသုတေသနဌာနမှ အရာထမ်းများ၊ သင်တန်းဆရာများနှင့် ပေါင်းလောင်း၊ ဆင်သေ၊ ငလိုက်ဆည် အနီးရှိ ကျေးရွာများမှ ဒေသခံ သင်တန်းသား စုစုပေါင်း(၁၆)ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် ပေါင်းလောင်း၊ ဆင်သေ၊ ငလိုက်ရေဝေရေလဲဒေသများရှိ ဒေသခံများ၏ လူမှုစီးပွားအခြေအနေများကို အထောက်အကူပြုမည့် ကျောက်စီနုန်းထိန်း တမံတည်ဆောက်ခြင်း၊ သက်ရှိစည်းရိုးတန်းငယ်ပြုလုပ်ခြင်း၊ သစ်ကိုင်းများသုံးနုန်းထိန်း တမံတည်ဆောက်ခြင်းနှင့် သဘာဝအခြေခံသော ရေသွယ်မှုစနစ်များ   နမူနာသရုပ်ပြခြင်း တို့ကို  ၂၅-၉-၂၀၂၄ ရက်မှ ၂၇-၉-၂၀၂၄ ရက်အထိ(၃)ရက်ကြာ စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်သည်။