ArcGIS Enterprise Name User: GIS Professional Advanced Software အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မြေတိုင်းဦးစီးဌာန၊ One Map Myanmar အစည်းအဝေးခန်းမ၌ “ArcGIS Enterprise Name: User GIS Professional Advanced Software အသုံးပြုနည်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၇-၁၀-၂၀၂၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင်ကျင်းပရာ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ မြေတိုင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)စီမံကိန်းအား ဆောင်ရွက်နေသည့် Technical Team မှ ပညာရှင်များ၊ သင်တန်းဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းသား/သင်တန်းသူ (၂၁)ဦးဖြင့် ၇-၁၀-၂၀၂၄ ရက်မှ ၁၁-၁၀-၂၀၂၄ ရက်အထိ (၅)ရက်ကြာ စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်သည်။