ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အောက်ပါပစ္စည်းများကို မြန်မာငွေကျပ်ဖြင့် အိတ်ဖွင့် တင်ဒါ ခေါ်ယူဆောင်ရွက်လိုပါသည်-     

        (က)   တည်ဆောက်ရေးလုပ်ငန်း(၂)မျိုး။

                (၁)     ရုံးအမှတ်(၅၈)ရှိ အစည်းအဝေးခန်းမနှင့် လျှောက်လမ်းများအား ကြွေပြားများခင်းခြင်း (၃၁၁၇ sqft)

                (၂)     သင်တန်းကျောင်း အုတ်ခြံစည်းရိုး (၁၂၀'x၆')ကာရံခြင်း (RC beam, ၉"x၉" တိုင်၊ ဘရိတ်ဓားသွပ်ဆူးကြိုး ၁၂၀' အပါ၊ မြေထိန်းနံရံ ၁၂၀'x၁'-၆"xပျမ်းမျှ အမြင့်၄')

                        တည်ဆောက်ခြင်းလုပ်ငန်း

၂။      တင်ဒါပုံစံစတင်ထုတ်ယူနိုင်မည့်ရက်      - (၂၂-၁၀-၂၀၂၄) (အင်္ဂါနေ့)

         တင်ဒါပိတ်မည့်ရက်နှင့်အချိန်              - (၃၀-၁၀-၂၀၂၄)(ဗုဒ္ဓဟူးနေ့)(၁၅: ၀၀)နာရီ

၃။      အထက်ဖော်ပြပါရှိသော ပစ္စည်းအမျိုးအစား(၁)မျိုးစီအတွက် အိတ်ဖွင့်တင်ဒါပုံစံများအား ၂၂-၁၀-၂၀၂၄ ရက်နေ့မှစ၍ ဝယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ရုံးအမှတ်(၅၈)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၃၁၄၉၅ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။