ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း
ကြေညာချက်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဘွဲ့ကြို/ ဘွဲ့လွန်သင်တန်းများအားလုံးကို ၂၁-၁၁-၂၀၂၄ ရက် (ကြာသပတေးနေ့) တွင် ကျောင်းစတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ ၁၄-၁၁-၂၀၂၄ ရက် (ကြာသပတေးနေ့) မှစတင်၍ ကျောင်းအပ်ခြင်း၊ သတင်းပို့ခြင်းများကို လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းနံပါတ် ၀၆၇၃ ၄၁၆၆၈၁ ၊ ဝ၆၇၃ ၄၁၆ ၅၁၉ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း ကြေညာအပ်ပါသည်။