နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက် မိတ်ဆက်ပွဲနှင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့၌ ကျင်းပပြုလုပ် မည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက် မိတ်ဆက်ပွဲနှင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၈-၁၀-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လိုက်ပါပို့ဆောင် နှုတ်ဆက်သည်။

ယခု ကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲသို့ မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံတို့မှ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြမည်ဖြစ်ပြီး ပူးတွဲလုပ်ငန်းစီမံချက်အရ မြန်မာ၊ ထိုင်း၊ လာအို နိုင်ငံများအကြား မီးခိုးမြူငွေ့ကင်းစင်သောဒေသ ဖြစ်မြောက်ရေးအတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ကိစ္စရပ်များအား ဆွေးနွေးကြမည်ဖြစ်သည်။