မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ၈-၁၁-၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပြင်ဦးလွင်မြို့ရှိ လေ့ကျင့်သင်ကြားရေးနှင့်အမှတ်(၁)မြေတိုင်းဌာနခွဲ၊ မြန်မာနိုင်ငံမြေတိုင်း သင်တန်းကျောင်းသို့သွားရောက်၍ အခြေခံမြေတိုင်းသင်တန်း၊ အလယ်အလတ်အဆင့် မြေတိုင်းသင်တန်းနှင့် အဆင့်မြင့် မြေတိုင်းသင်တန်းတို့တွင် သင်တန်းတက်ရောက်နေမှု၊ သင်ကြားမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်သည် လေ့ကျင့်သင်ကြားရေးနှင့် အမှတ်(၁)မြေတိုင်းဌာနခွဲ၏ အစည်းအဝေးခန်းမတွင် အရာထမ်းအမှုထမ်းများနှင့် တွေ့ဆုံပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ရုံးဝင်းသန့်ရှင်းသာယာလှပရေးဆိုင်ရာကိစ္စရပ်များကို မှာကြားပြီး အရာထမ်း၊ အမှုထမ်းများ၏ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။