၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်-
စဉ် ရာထူး၊ လစာနှုန်း ပညာအရည်အချင်း ခန့်အပ်မည့် ဦးရေ
(က) လုပ်သား (စားပွဲထိုး) အခြေခံပညာအလယ်တန်း (၂) နေရာ
(၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) အဆင့်
(ခ) လုပ်သား (ထမင်းချက်) အခြေခံပညာအလယ်တန်း (၂) နေရာ
(၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) အဆင့်
(ဂ) ရုံးအကူ အခြေခံပညာအထက်တန်း (၁) နေရာ
(၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) အဆင့်
(ဃ) အစောင့် အခြေခံပညာအလယ်တန်း (၁) နေရာ
(၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) အဆင့်
စုစုပေါင်း (၆) နေရာ
၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူများသည်-
(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။
(ဂ) အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရမည်။
(ဃ) ၃၁-၁၂-၂၀၂၄ ရက်နေ့တွင် အသက် (၃၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။ နိုင်ငံ့ ဝန်ထမ်းဖြစ်ပါကအသက် (၄၀) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
(င) ဝန်ထမ်းအဖြစ် ခန့်ထားခြင်း ခံရပါက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိ မြို့နယ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
၃။ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့်သာ လျှောက်ထားရမည်။ သတ်မှတ်လျှောက်လွှာ ပုံစံကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ Website Page ဖြစ်သော https://www.monrec.gov.mm/ တွင် Download ရယူ၍လည်းကောင်း၊ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ပါမောက္ခချုပ်ရုံး၊ စီမံရေးရာ ဌာနစုတွင် ရုံးချိန်အတွင်း အခမဲ့လာရောက်ထုတ်ယူ၍လည်းကောင်း လျှောက်ထား နိုင်ပါသည်။
၄။ လျှောက်လွှာများကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ပါမောက္ခချုပ်ရုံး သို့ လူကိုယ်တိုင်ဖြစ်စေ၊ uof.yezin@googlemail.com သို့ Online မှဖြစ်စေ ၁၃-၁၂-၂၀၂၄ ရက် (သောကြာနေ့) နောက်ဆုံးထားပြီး ပေးပို့လျှောက်ထားရမည်။
၅။ ဝန်ထမ်းဖြစ်ပါက မိမိတာဝန်ထမ်းဆောင်နေသည့် ဌာနအကြီးအကဲ ထောက်ခံချက်၊ ဌာန ဆိုင်ရာ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်မူရင်းတို့ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် ဤတက္ကသိုလ်သို့ ပေးပို့ရန်ဖြစ်ပြီး၊ ကြိုတင် လျှောက်လွှာမိတ္တူ (၁) စောင်ကို ၁၃-၁၂-၂၀၂၄ ရက်(သောကြာနေ့) နောက်ဆုံးထား၍ ဤတက္ကသိုလ်သို့ တိုက်ရိုက်ပေးပို့ရန်ဖြစ်ပါသည်။
၆။ သတ်မှတ်ရက်ကျော်လွန်သော/ စာရွက်စာတမ်း မပြည့်စုံသော လျှောက်လွှာများ၊ အရည် အချင်း သတ်မှတ်ချက်များနှင့် မကိုက်ညီသူများအား လုံးဝ(လုံးဝ) ထည့်သွင်းလက်ခံစဉ်းစားမည် မဟုတ်ပါ။
၇။ လျှောက်ထားသူများအား လူတွေ့စစ်ဆေးခြင်းကို ဤတက္ကသိုလ်တွင် ၁၈-၁၂-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် ၁၀ : ၀၀ နာရီအချိန်၌ ပြုလုပ်မည်ဖြစ်ပါသည်။
၈။ အသေးစိတ် အချက်အလက်များကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဖုန်း ၀၆၇-၃၄၁၆၅၁၉၊ ၀၆၇-၃၄၁၆၆၈၁၊ ၀၆၇-၃၄၁၆၅၂၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မှတ်ချက်။ သတ်မှတ်လျှောက်လွှာ ပုံစံများကို အောက်ဖော်ပြပါ Link တွင် ဝင်ရောက် Download ရယူနိုင်ပါသည်-
https://www.monrec.gov.mm/sites/default/files/test/Book_PDF/Forms.pdf