မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ဆဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ ဆဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  မြေတိုင်းဦးစီးဌာန၊ One Map Myanmar အစည်းအဝေးခန်းမ၌ ၁၅-၁-၂၀၂၅ ရက်နေ့၊ နံနက် ၉:၃၀ နာရီအချိန်တွင်ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ စီမံကိန်းလုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး One Map Myanmar Geoportal တည်ဆောက်ပြီးစီးမှုအား Video Clip ဖြင့် တင်ပြခဲ့သည်။

ရှင်းလင်းတင်ပြချက်များအပေါ် တက်ရောက်လာသော မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)ရေးဆွဲ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ အဖွဲ့ဝင်များမှ ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပြီး နေ့လယ် ၁၂:၀၀ အချိန်တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ အဖွဲ့ဝင်များဖြစ်ကြသည့် တပ်မတော်နှင့်ဦးစီးဌာနအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ၊ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်၊ ကရင်တိုင်းရင်းသားကိုယ်စားလှယ်နှင့် အထူးဖိတ်ကြားထားသည့် One Map Myanmar Technical Team မှ အဖွဲ့ခေါင်းဆောင်များ၊ နည်းပညာရှင်များ တက်ရောက်ခဲ့ကြသည်။