
မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) အကောင်အထည်ဖော်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ကို အထောက်အကူပြုစေရေးအတွက် ဖွဲ့စည်းထားသည့် Web Development Team၊ GIS Team နှင့် ICT Infrastructure Development Team တို့၏ အဓိကတာဝန်ယူဆောင်ရွက်နေသည့် အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြေတိုင်းဦးစီးဌာန၊ One Map Myanmar အစည်းအဝေးခန်းမ၌ ၁၈-၃-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင်ကျင်းပရာ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)အကောင် အထည်ဖော်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်များမှ One Map Myanmar Geoportal အား စမ်းသပ်အသုံးပြုပြီး ပေးပို့လာသော ပြင်ဆင်ရန်လိုအပ်သည့် တွေ့ရှိချက်များကို သက်ဆိုင်ရာ Team အဖွဲ့ဝင်များမှ ရှင်းလင်းဆွေးနွေးခြင်း၊ ပြင်ဆင်ရန်လိုအပ်သည်များကို ပြင်ဆင်နိုင်ရန်အတွက် လုပ်ငန်းခွဲဝေသတ်မှတ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ ၄:၃၀ အချိန်တွင် ရုပ်သိမ်းခဲ့သည်။