
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အောက်ပါတည်ဆောက်ရေးလုပ်ငန်းများကို မြန်မာ ကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူဆောင်ရွက်လိုပါသည်-
တည်ဆောက်ရေးလုပ်ငန်း(၃)မျိုး
(က) ရုံးအမှတ် (၅၈) အစည်းအဝေးခန်းမကြီးကြွေပြားကပ်ခြင်း (7000 sqft)
( ခ) ရုံးအမှတ် (၅၈)ရှိ (၁၀၀'x ၅၀')စားသောက်ဆောင် ကြွေပြားကပ်ခြင်း (3800 sqft)
( ဂ) ရုံးအမှတ် (၅၃)ရှိ ဓာတ်ခွဲခန်းအတွင်းပိုင်းပြင်ဆင်မွမ်းမံခြင်း (အလင်းမပေါက် စေရန်ပြင်ဆင်ခြင်း၊ အခန်းနံရံဆေးသုတ်ခြင်း၊ ကြမ်းခင်းပြင်ဆင်ခြင်း (Epoxy Flooring & Floor Paint) ၊ အခန်းကန့်ခြင်း၊ လျှပ်စစ်သွယ်တန်းခြင်း)
၂။ တင်ဒါပုံစံစတင်ထုတ်ယူနိုင်မည့်ရက် - (၂-၄-၂၀၂၅) (အင်္ဂါနေ့)
တင်ဒါပိတ်မည့်ရက်နှင့်အချိန် - (၂၄-၄-၂၀၂၅)(ကြာသပတေးနေ့) (၁၅:၀၀)နာရီ
၃။ အထက်ဖော်ပြပါရှိသော တည်ဆောက်ရေးလုပ်ငန်းများအနက် အမှတ်စဉ်(က)ရှိ အမျိုးအစား (၁)မျိုးအတွက် အိတ်ဖွင့်တင်ဒါပုံစံ(၁)စောင်လျှင် ငွေကျပ်(၅,၀၀၀/-)နှုန်း၊ အမှတ်စဉ်(ခ)နှင့် အမှတ်စဉ်(ဂ)ရှိ အမျိုးအစား(၁)မျိုးအတွက် အိတ်ဖွင့်တင်ဒါပုံစံ(၁)စောင်လျှင် ငွေကျပ်(၂,၀၀၀/-) နှုန်းဖြင့် ဝယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ရုံးအမှတ်(၅၈)၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၃၁၄၉၅ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ