သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျှက်ရှိသော စတင်ခန့်ဝင်ပေါက်ရာထူးများတွင် ဝန်ထမ်းသစ်များခန့်ထားရန် ရေးဖြေစာမေးပွဲအား ၂၃.၁၂.၂၀၂၃ ရက်နေ့တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
ရေးဖြေစာမေးပွဲများဆောင်ရွက်ပြီးဖြစ်ပါ၍ အောက်ဖော်ပြပါ ရာထူးနေရာများအတွက် လူတွေ့စစ်ဆေးခြင်းနှင့် ကျွမ်းကျင်မှု စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်-
ရာထူးအမျိုးအစား လစာနှုန်း (လူတွေ့/ကျွမ်းကျင်မှုစစ်ဆေးမည့်နေရက်)
၁။ တောခေါင်း ( ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ၁၁.၁.၂၀၂၄
၂။ စာရင်းကိုင်(၄) ( ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ၁၀.၁.၂၀၂၄
၃။ ပုံစွဲ(၄) ( ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ၁၀.၁.၂၀၂၄
၄။ တောကြပ် ( ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ၁၁.၁.၂၀၂၄
၅။ ယာဉ်မောင်းစက်ပြင်(၅) ( ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ၁၁.၁.၂၀၂၄
၆။ လုံခြုံရေး(၅) ( ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ၁၁.၁.၂၀၂၄
၇။ ရုံးအကူ/စာပို့ ( ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ၁၀.၁.၂၀၂၄
၈။ အစောင့် ( ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ၁၁.၁.၂၀၂၄
၉။ သန့်ရှင်းရေးအကူ ( ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ၁၀.၁.၂၀၂၄
ရာထူးအလိုက် လူတွေ့စစ်ဆေးခြင်းနှင့် ကျွမ်းကျင်မှု စစ်ဆေးမည့်အစီအစဉ်အသေးစိတ်အား အောက်ဖော်ပြပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း-
https://www.monrec.gov.mm/sites/default/files/test/Book_PDF/Exam.pdf