![](https://www.monrec.gov.mm/sites/default/files/test/styles/263x166/public/News/%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA-Logo_6.png?itok=m0INzPAr)
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဘွဲ့ကြိုသင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများသည် ၂၇-၁-၂၀၂၄ ရက် (စနေနေ့) က နေပြည်တော်ရှိ အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်များသို့ သွားရောက် လေ့လာခဲ့ကြသည်။
ကျောင်းသား၊ ကျောင်းသူများသည် အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်များသို့ နံနက် ၁၀ နာရီတွင် ရောက်ရှိကြပြီး အမျိုးသားပြတိုက်တွင် ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် စာကြည့်တိုက်တွင် ခင်းကျင်းပြသထားမှုများ၊ စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်မှုများကို လေ့လာကြရာ အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်များမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးတို့က သွားရောက်လေ့လာခဲ့ကြသည်။