![](https://www.monrec.gov.mm/sites/default/files/test/styles/263x166/public/News/FD%20Logo_14_14.png?itok=7KLjYdnp)
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သစ်တောဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပျိုးဥယျာဥ်လုပ်ငန်းများ ရှင်းလင်းခြင်း အခမ်းအနားကို မတ် ၂၁ ရက် ဘားအံမြို့နယ်၊ သစ်တောရုံးဝန်းအတွင်း ကျင်းပပြုလုပ်ရာ ဘားအံမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိက သစ်တောဂေဟစနစ်များ အရေးပါပုံ၊ သစ်တောများ ပျက်စီးပြုန်းတီးလာရခြင်း၊ ကမ္ဘာမြေပူနွေးလာခြင်း (Global Warming)၊ သစ်တောပျက်စီးပြုန်းတီးခြင်း(Deforestation)၊ တရားမဝင် သစ်ခိုးထုတ်ခြင်းအပါအဝင် ပျိုးဥယျာဥ်တည်ထောင်ခြင်းဆိုင်ရာ လုပ်ငန်းစဥ်များ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။