![](https://www.monrec.gov.mm/sites/default/files/test/styles/263x166/public/News/FD%20Logo%20Website%20%E1%80%90%E1%80%84%E1%80%BA%E1%80%9B%E1%80%94%E1%80%BA.png?itok=Ty1bGGTb)
သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး အစီအစဉ်အရ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောပွဲများကို ၂၆-၄-၂၀၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်း(မြို့မ)နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာ ခန်းမ၌လည်းကောင်း၊ ၂၇-၄-၂၀၂၄ ရက်နေ့တွင် နေပြည်တော် ၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညို အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း အသီးသီး ကျင်းပခဲ့ပါသည်။
သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အကြောင်းအရာများ၊ သစ်တောများနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအကြောင်းအရာများ၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး သစ်တောကြေးမုံစာစောင်များ လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေးဟောပြောပွဲများသို့ သစ်တောဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမတွင် သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း
နေပြည်တော် ၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညို အခြေခံပညာအထက်တန်းကျောင်းတွင် သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း