(၃၀-၄-၂၀၂၄)ရက်၊ သာစည်မြို့နယ်၊ လှိုင်းတက်အုပ်စုရှိ သောက်သုံးရေလိုအပ်လျက်ရှိသော မင်းကုန်းကျေးရွာရှိ အိမ်ထောင်စု(၁၀၂) စုအတွက် ရေဂါလံ(၁၂၀၀)ဆံ့ ရေကား (၃)စီး၊ စုစုပေါင်းဂါလံ(၃၆၀၀)ကို သာစည်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းထွန်း-၂ ဦးဆောင်သော သစ်တောဝန်ထမ်းများမှ ရေကုသိုလ်လှူဒါန်းခဲ့သည်။