မကွေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ရေလှူဒါန်း

       သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးအတွင်း ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်အရ ခြောက်သွေ့ကာလနွေရာသီ၌ သောက်သုံးရေရှားပါးသောကျေးရွာများသို့ ရေလှူဒါန်းခြင်းအစီအစဉ်စတင်ဆောင်ရွက်ရာ ၄-၅-၂၀၂၄ ရက်နေ့တွင် မကွေးခရိုင်၊ မကွေးမြို့နယ်၊ ပေပင်စမ်းကျေးရွာအုပ်စု၊ လျှောက်တောကျေးရွာရှိ အိမ်ထောင်စု (၂၇၇)စု၊ လူဦးရေ (၆၂၈)ဦးအား သောက်သုံးရေဖူလုံစေရေးအတွက် ဦးစီးဌာနပိုင် ဂါလံ ၁၂၀၀ ဆံ့ ရေကားဖြင့် ရေဂါလံပေါင်း (၄၈၀၀) ဂါလံ ရေလှူဒါန်းခဲ့ပါသည်။