ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကျင်းပ

        ၆-၅-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသော ဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ ဒေါက်တာအိအိဆွေလှိုင်(လက်ထောက်ညွှန်ကြားရေးမှူး)မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အစီအစဉ်အရ ဒေါက်တာဆုစန္ဒာအောင်(ဦးစီးအရာရှိ) သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် အင်ဒို-မြန်မာဒေသတွင်း ရမ်ဆာရေဝပ်ဒေသ ပူးပေါင်းဆောင်ရွက်မှု (Indo-Burma Ramsar Regional Initiatives-IBRRI)၏ သတ္တမကြိမ်မြောက်ဦးစီးကော်မတီအစည်းအဝေးနှင့် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခြင်းအားလည်းကောင်း၊ ဦးစိန်ဝေလျှံ (ဦးစီးအရာရှိ)က အမေရိကန် University of the People တွင် ကျင်းပသည့် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာမဟာသိပ္ပဲဘွဲ့သင်တန်း တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းအားလည်းကောင်း ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။