သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသောင်းနိုင်ဦးမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ဗုဒ္ဓဥယျာဉ်တော်အတွင်း၌စိုက်ပျိုးထားရှိသည့်အပင်များတိုင်းတာမှုနှင့်ရှင်သန်အောင်မြင်မှုအခြေအနေများကြည့်ရှုစစ်ဆေး

        မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးပရဝဏ်ရှိ၊ ဗုဒ္ဓဥယျာဉ်တော် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ လစဥ် ကုသိုလ်ယူ ဆောင်ရွက်လျက်ရှိရာ (၅-၅-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော်အတွင်း ၂၀၂၃   ခုနှစ်၊ မိုးရာသီ၌ စိုက်ပျိုးထားသည့် အပင်များ၏ သစ်မျိုးအလိုက် ရှင်သန်မှု၊ အပင်အမြင့်တိုးတက်မှုစသည့် အခြေအနေများအား သစ်တောဦးစီးဌာနဝန်ထမ်းများမှ အကွက်ငယ် (၆) ကွက် ခွဲခြား၍ သတ်မှတ်အကွက်ငယ်များအလိုက် တိုင်းတာစစ်ဆေးဆောင်ရွက်မှုအခြေအနေများကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောဦးစီးရုံးချုပ်မှ တာဝန်ရှိသူများ၊ နေပြည်တော်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု့စစ်ဆေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ ကွင်းဆင်းလုပ်ငန်းဆောင်ရွက်မှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ပေးခဲ့သည်။