အသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဒေသကြီး သစ်တော ဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ကျရောက်မည့် မျိုးသုဉ်းမည့် အန္တရာယ်ကျရောက်နေသည့် မျိုးစိတ်များနေ့ (Endangered Species Day) နှင့်ပတ်သက်၍ ၉-၅-၂၀၂၄ ရက်နေ့တွင် အသိပညာ​ပေး Talk Show အား ပုသိမ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ Community ခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအသိပညာပေး Talk Show တွင်  မျိုးသုဉ်းမည့် အန္တရာယ်ကျရောက်နေသည့် မျိုးစိတ်များနေ့ ဖြစ်ပေါ်လာပုံ၊ ၂၀၂၄ ခုနှစ်အတွက် ဆောင်ပုဒ်၊ မျိုးသုဉ်းမည့် အန္တရာယ် ကျရောက်နေသည့် မျိုးစိတ်၏အဓိပ္ပာယ်၊ မျိုးသုဉ်းမည့် အန္တရာယ်ကျရောက်ရသည့် အကြောင်းရင်းများ၊ အပင်နှင့် သတ္တဝါမျိုးစိတ်များ မျိုးသုဉ်းမည့်အန္တရာယ် ကျရောက်ခြင်းကြောင့် ဖြစ်ပေါ်လာ နိုင်မည့် ဆိုးကျိုးများ၊ နိုင်ငံတကာ၏ သတ်မှတ်ချက်များနှင့် ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်နေ သော အစီအစဉ်များ၊   မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် မျိုးသုဉ်းမည့် အန္တရာယ်ကျရောက်နေသည့် မျိုးစိတ်များနှင့်ပတ်သက်၍ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် မျိုးသုဉ်းမည့် အန္တရာယ်ကျရောက်နေသည့် မျိုးစိတ်များအတွက် ထိန်းသိမ်းကာကွယ်ရေးနှင့်ပတ်သက်ပြီး ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ဆောင်ရွက်မှုအခြေအနေ များအား ဆွေးနွေးတင်ပြခဲ့ခြင်းအပေါ် ဆက်စပ်ဌာနများမှ ဝန်ထမ်းများ (၂၀)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည့်အချက်များအား မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။