အင်းလေးကန်၏ ရေအရည်အသွေးအား တိုင်းတာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ အင်းလေးကန်၏ ရေအရည်အသွေးတိုင်းတာခြင်း၊ ရေနမူနာကောက်ယူခြင်း နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းလုပ်ငန်းများကို (၁၄-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်း မိုင်းသောက်ကျေးရွာ၊ ရေလယ်ဗိုလ်တဲ၊ ဇရပ်ကြီးရေခြံ၊ အင်းပေါခုံကျေးရွာ၊ ဦးသန်းလှိုင် ချည်ထည်လုပ်ငန်း၊ ဖောင်တော်ဦးဘုရား၊ ဟဲယာရွာမ၊ ခေါင်တိုင်ကျေးရွာ နှင့် ညောင်ရွှေလှေဆိပ်စသည့် နေရာ (၉)နေရာတို့တွင် ရေနမူနာကောက်ယူခြင်း၊ ရေအရည်အသွေး ( on site ) U53 G ဖြင့် ရေထုအရည်အသွေးတိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် အင်းလေးဖောင်တော်ဦးဘုရားတွင် ဒေသခံပြည်သူ (၄၀)ဦးသို့ ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်း ဆောင်ရွက်ခဲ့ပါသည်။ ရေအရည်အသွေးတိုင်းတာခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများကို သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ ဝန်ထမ်းများဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။