အသိပညာပေး Talk Show ပြုလုပ်

        ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံ မျိုးကွဲများနေ့ (The International Day for Biological Diversity) နှင့်ပတ်သက်၍ အသိပညာပေး Talk Show အစီအစဉ်အား ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၁၄-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community ခန်းမ၌ ကျင်းပပြု လုပ်ရာ ဆက်စပ်ဌာနများမှ စုစုပေါင်းလူဦးရေ (၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။

        အသိပညာပေး Talk Show တွင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းထားရှိမှုအခြေအနေ၊ ထိန်းသိမ်းထား ရှိသည့် ရှားပါးမျိုးစိတ်များနှင့် လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများအား လည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲ၏ အဓိပ္ပါယ်၊ အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲနေ့ ဖြစ်ပေါ်လာပုံနှင့် ယခုနှစ်ဆောင်ပုဒ်၏ အဓိပ္ပါယ်၊ ဇီဝမျိုးစုံမျိုးကွဲများသည် သက်ရှိသတ္တဝါများနှင့်လူသားတို့အတွက် အရေးပါပုံ၊ လျော့နည်းလာရသည့် အကြောင်းအရင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ အဆိုပါဆိုးကျိုး သက်ရောက်မှုကို ကာကွယ်ထိန်းသိမ်းနိုင်မည့် နည်းလမ်းများအားလည်းကောင်း ဆွေးနွေးခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များကို အများပြည်သူသို့ ဖြန့်ဝေခဲ့ပါသည်။