မန်းရေနံမြေ၏ ရေနံပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အား စစ်ဆေး

        ၁၄-၅-၂၀၂၄ ရက်နေ့၊ နံနက် (၈:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဆောင်၍ မန်းရေနံမြေမှ အထွေထွေမန်နေဂျာ၊ MPRL E & P Pte Ltd မှ တာဝန်ရှိသူများနှင့်အတူ မင်းဘူးမြို့နယ်၊ မန်းရေနံမြေတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် MPRL E & P Pte Ltd ၏ ရေနံပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် (Redevelopment and Enhanced Oil Recovery - EOR Programme) မှ အဋ္ဌမအကြိမ်မြောက် (၆)လပတ်စောင့်ကြပ်ကြည့်ရှုမှုအစီရင်ခံစာ တင်ပြလာမှုအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းမှ ဆောင်ရွက်နေသည့် Corporate Social Responsibility (CSR) ကဏ္ဍဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် မန်းရေနံမြေအနီးရှိကျေးရွာ (၆)ရွာတွင် Mobile Clinic အလှည့်ကျဆောင်ရွက်လျက်ရှိရာ ကြာကန်ကျေးရွာရှိ Mobile Clinic ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် နန်းဦးကျေးရွာရှိ "ဘဝတက်လမ်း" စာကြည့်တိုက်တွင် ကလေးသူငယ်များအတွက် နွေရာသီပန်းချီသင်တန်း ဖွင့်လှစ်ပေးခြင်းတို့အား သွားရောက်စစ်ဆေးခဲ့ပါသည်။